Our website is made possible by displaying online advertisements to our visitors.
Please consider supporting us by disabling your ad blocker.

Responsive image


Noise rock

Noise rock သည် rock ဂီတ၏ပုံစံတစ်မျိုးဖြစ်ပြီး ၁၉၈၀တွင် ထင်ရှားလာခဲ့သည်။ noise rock သည် rock ဂီတ၏ ရိုးရာတူရိယာများကို အသုံးပြုထားသည်။ သို့သော် atonality နှင့် dissonance များကို ပေါင်းစပ်ထားသည်။ noise rock သည် အစောပိုင်း avant-gradeဂီတ၊ sound art နှင့် rock သီချင်းများမှ ဖွံ့ဖြိုးတိုးတက်ခဲ့ပြီး ပြင်းထန်သော dissonant sound နှင့် electronic feedback တို့ဖြင့် ထူးခြားသည်။ နယူးယောက် no wave ဖြစ်ရပ်သည် Mars နှင့် Teenage Jesus and Jerks စသော အနုပညာရှင်များဖြင့် ထူးခြားသည်။ noise rock ထဲတွင် မရှိမဖြစ် ဖွံ့ဖြိုးတိုးတက်မှုဖြစ်သည်။ noise rock တီးဝိုင်းအများစုသည် ၁၉၈၀ တွင် မြောက်အမေရိကမှ ပေါ်ထွက်လာခဲ့သည်။ Caroliner, Grotus (ဆန်ဖရန်ဆစ်စကို), Big Black (ချီကာကို), Butthole Surfers, The Jesus Lizard, Scratch Acid (တက်ဆက်), The Melvins (မွန်တီဆန်ကို၊ ဝါရှင်တန်), Dinosaur Jr (မက်ဆာချူးဆက်), Sonic Youth, Live Skull, Swans, White Zombie, The Thing Blow 454, Helmet (နယူးယောက်), Pussy Galore နှင့် Royal Trux (ဝါရှင်တန်ဒီစီ) စသည်တို့ဖြစ်သည်။

ထိုဖြစ်ရပ်များသည် အိုဆာကာမြို့ ဂျပန်တွင် ဖွံ့ဖြိုးတိုးတက်ခဲ့ပြီး Hanatarash နှင့် Boredoms တို့ ဦးဆောင်ခဲ့သည်။ ဗြိတိန် shoegazing အုပ်စုသည် noise rock မှ ထူးခြားသေ ာပုံစံဖွံ့ဖြိုးတိုးတက်မှုဖြစ် သည်။ noise pop ဟုသော အမျိုးအစားတစ်ခုဖြစ်ပေါ်လာခဲ့သည်။ math rock အုပ်စုဖြစ်သော Don Caballero သည်လည်း noise rock ဟု ယူဆနိုင်သည်။ ၈၀ noise rock တီးဝိုင်းများမှ အရေးပါသော လွှမ်းမိုးမှုများမှာ Nirvana, Hole တို့ဖြစ်သည်။ Povverviolence ဖြစ်ရပ်သည် noise rock သို့ နီးစပ်သည်။ Man is the Bastard သည် noise ဂီတသို့ စီးဝင်ခဲ့သည်။

၉၀အလယ်တွင် Providence မြို့သည် noise-rock တီးဝိုင်းများ၏ အဓိကနေရာဖြစ်လာခဲ့သည်။ Rhode Island School of Design ဖြစ်ရပ်ဖြစ်ပွားရာနေရာလည်းဖြစ်သည်။ ၂၀၀၀ နောက်ပိုင်းတွင် ကမ္ဘာတစ်ဝန်းတွင် noise rock အုပ်စုများ ဖွဲ့စည်းလာခဲ့သည်။ noise rock သည် polyrhthm ဖြင့် ထူးခြားသည်။ ၂၀၁၀နောက်ပိုင်း noise rock အုပ်စုများမှာ Roomrunner, Dope Body, Nu Sensae, MEIZ, Disappeard, Dumb Numberနှင့် ဂျပန်အနုပညာရှင် Nisemenmondai တို့ပါဝင်သည်။


Previous Page Next Page






نويز روك Arabic Noise rock AST Noys rok AZ Нойз-рок BE Нойз рок Bulgarian Noise rock BR Noise rock Catalan Noise rock Czech Støjrock Danish Noise-Rock German

Responsive image

Responsive image