Our website is made possible by displaying online advertisements to our visitors.
Please consider supporting us by disabling your ad blocker.

Responsive image


Hardcore punk

မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။

Hardcore punk (သို့မဟုတ် hardcore) သည် punk rock ဂီတ၏အမျိုးအစားဖြစ်ပြီး ၁၉၇၀ နောက် စတင်ခဲ့သည့် ယဉ်ကျေးမှုငယ်တစ်ခုလည်း ဖြစ်သည်။ hardcore punk သည် punk rock ထက် မြန်ဆန်၍ မာကျောကြမ်းတမ်းသောပုံစံဖြစ်သည်။ hardcore punk၏မူရင်းဝေါဟာရသည် မတိကျပေ။ D.O.A တီးဝိုင်းသည် သူတို့၏ ၁၉၈၁ album Hardcore 81 နှင့်အတူ စကားရပ်ကို လူကြိုက်များစေခဲ့သည်။ ၁၉၈၁ စက်တင်ဘာတွင် Tim Sommer က ထိုအချိန်ဖျော်ဖြေခဲ့သော punk တီးဝိုင်းတို့၏ ဖျော်ဖြမူအကြောင်းကို ရေးဖွဲ့ထားသည်။ Steven Blush သည် hardcore ဆိုသော ဝေါဟာကို punk နီးပါးပြင်းထန်သည်ဟု ရည်ညွန်းခဲ့သည်။

Hardcore ၏အရင်းအမြစ်ကို San Francisco နှင့် Southern California သို့ နောက်ပြန်လိုက်နိုင်သည်။ hippie ဖြစ်ရပ်ကို ဆန့်ကျင်၍ New York punk rock နှင့် အစောပိုင်း protopunk ဖြစ်ရပ်မှ တုံ့ပြန်ချက်ဖြစ်သည်ဟု ခေါ်သည်။ hardcore punkသည် ယေဘုယျအားဖြင့် စီးပွားရေးအရ ရောင်းဝယ်ဖောက်ကားခြင်းကို ငြင်းပယ်ခဲ့သည်။ mainstream rock ၏ ဝိသေသလက္ခဏာများနှင့် ဆင်တူသည်ဟု ဆိုသည်။ လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာအကြောင်းအရာများကို ဆိုလိုသည်။

၁၉၈၀ အစောပိုင်း အမေရိကန်တွင် underground မှနေ၍ hardcore ပေါက်ဖွားလာခဲ့သည်။ အထူးသဖြင့် ဝါရှင်တန်ဒီစီ၊ နယူးယောက်၊ ဂျာစီ၊ ဘော်စတွန် နှင့် ဩစတြေးလျ၊ ကနေဒါ နှင့် ယူနိုက်တက် ကင်းဒမ်း တို့ပါဝင်သည်။ hardcore သည် straight edge လှုပ်ရှားမှုမှ ပေါက်ဖွားလာခဲ့သည်။ Hardcore သည် ၁၉၈၀ independent record labels များမြင့်တက်လာမှုတွင် ကြီးမားစွာ ပါဝင်ခဲ့သည်။ underground ဂီတဖြစ်ရပ်မှ DIY ethics နှင့်လည်းသက်ဆိုင်ခဲ့သည်။ ၎င်းသည် ဂီတအမျိုးအစား တော်တော်များများကို လွှမ်းမိုးခဲ့သည်။ mainstream အောင်မြင်မှု အတွေ့အကြုံရရှိခဲ့သည်။ alternative rock, grunge, alt-metal, metalcore, thrash metal, post-hardcore အစရှိသဖြင့် ဖြစ်သည်။ Black Flag ၏ Damaged, Minutemen ၏ Double Nickets on the Dime နှင့် Husker Du ၏ New Day Rising တို့သည် Rolling Stone ၏ The 500 Greatest Albums of All time in ၂၀၀၃ စာရင်းတွင် ပါဝင်ခဲ့သည်။ Dead Kennedys သည် ၂၅ နှစ် ကာလအပိုင်းအခြားကို ကျော်လွန်၍ ရွှေတံဆိပ်ဆုရရှိခဲ့သည်။ ၂၀၁၁ တွင် Rolling Stone စာရေးဆရာ David Fricke ရွေးချယ်ထားသော 100 Greatest Guitarish စာရင်းထဲတွင် Black Flag ၏ Greg Ginn ပါဝင်ခဲ့သည်။ ဂီတအမျိုးအစားသည် အင်္ဂလိပ်စကားပြောသော အနောက်နိုင်ငံများတွင် စတင်ခဲ့သော်လည်း အမှတ်ရစရာ hardcore ဖြစ်ရပ်များသည် အီတလီ၊ ဘရာဇီး၊ ဂျပန်၊ ဥရောပနှင့် အရှေ့အလယ်ပိုင်းတို့တွင် တည်ရှိခဲ့သည်။

  1. Glasper 2004, p. 47
  2. Ellis၊ Iain (2008)။ Rebels Wit Attitude: Subversive Rock Humorists။ Counterpoint Press။ p. 172ISBN 9781593762063
  3. Thompson၊ Stacy (Feb 1, 2012)။ Punk Productions: Unfinished Business။ SUNY Press။ p. 71။ ISBN 9780791484609
  4. James F. Short၊ Lorine A. Hughes (Jan 1, 2006)။ Studying Youth Gangs။ Rowman Altamira။ p. 149။ ISBN 9780759109391
  5. Moore၊ Ryan (Dec 1, 2009)။ Sells like Teen Spirit: Music, Youth Culture, and Social Crisis။ NYU Press။ p. 50။ ISBN 9780814796030
  6. Waksman၊ Steve (Jan 5, 2009)။ This Ain't the Summer of Love: Conflict and Crossover in Heavy Metal and Punk။ University of California Press။ p. 210ISBN 9780520943889
  7. ၇.၀ ၇.၁ ၇.၂ Chapman၊ Roger (2010)။ Culture Wars။ M.E. Sharpe။ p. 449ISBN 9780765622501
  8. Leblanc၊ Lauraine (1999)။ Pretty in Punk: Girls' Gender Resistance in a Boys' Subculture။ Rutgers University Press။ p. 49ISBN 9780813526515

Previous Page Next Page