Our website is made possible by displaying online advertisements to our visitors.
Please consider supporting us by disabling your ad blocker.

Responsive image


Dark metal

မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။

Dark metal သည် heavy metal ၏ မျိုးခွဲတစ်မျိုးဖြစ်ပြီး ပုံစံသည် gothic နှင့် extreme metalမှ မှုရင်းဇစ်မြစ်ဖြစ်သည်။ စာရေးဆရာအချို့က dark metalသည် heavy metal ၏ အမျိုးအစားဖြစ်ကြောင်း ငြင်းခုံကြသော်လည်း မည်သည့် အစိတ်အပိုင်းပုံစံ ဆိုလိုရင်းများဖြင့် dark metal ကိုပြု လုပ်ထားသည်ကို ထင်မြင်ချက်များ ကျယ်ပြန့်များပြားလှသည်။

New York Times မှ rock ဝေဖန်ရေးဆရာ Robert Palmer ကြောက်ရွံ့ထိတ်လန့်မှုများနှင့် အကြမ်းဖက်မှုများနှင့်အတူ metalဟု ခေါ်ဆိုသည်။ ဥပမာအားဖြင့် Megadeth, Anthrax, Slayer နှင့် Danzig တို့ဖြစ်သည်။ Robert Walseနှင့် Richard D.Barnet တို့၏စာအုပ်တွင် dark metal သည် လျှို့ဝှက်သော ဂီတဖြစ်သည်ဟုဆိုသည်။ Micah L.Issitt, Jeffery Kaplan, Bryan Reesman, Joel Maclver နှင့် Chuck Eddy တို့က dark metal တွင် gothic အကြောင်းအရာများဖြင့် ပြည့်နှက်နေ ကြောင်း ရေးဖွဲ့ထားသည်။ စာရေးဆရာများဖြစ်သော Ian Christe, ဂီတဂျာနယ်လစ် Chuck Eddy, Sara Pendergast, Tom Pendergast, Natalie J Purcell, Brian Reesman, Jeff Wagner နှင့် Steven Wilson တို့က melancholy tone ရှိပါတယ်။ ဒါဟာ ယခုမျက်မှောက်ခေတ်မှ dark metal တီးဝိုင်းများကို ခွဲခြားနိုင်သည်။ ဒီ tone ဟာမှုန်သုန်သော အလှအပ၊ စိတ်ညှိုးငယ်မှိုင်တွေသော၊ အလှအပနှင့် romantic၊ နက်ရှိုင်းသောဒုက္ခနှင့် တစ္ဆေခြောက်လှန့်ခြင်း၊ goth-tinged နှင့် အမှောင်ထု စသဖြင့် အမျိုးမျိုးဖော်ပြချက်ရှိသည်။ dark metal label ထဲတွင်ပါဝင်သော တီးဝိုင်းအချို့မှာ Bethlehem, Black Sabbath, Slayer, Megadeth, Alice in Chains, Anthrax, Judas Priest, Evergrey, Tool, Iron Maiden, Paradox နှင့် Kekal အစရှိသောတီးဝိုင်းများဖြစ်သည်။



Previous Page Next Page






Dark metal AZ Дарк метъл Bulgarian Dark metal Czech Dark Metal German Sombra metalroko EO Dark metal Spanish Dark metal French Dark metal Dutch Dark metal Portuguese Dark metal Romanian

Responsive image

Responsive image